ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ လယ်ဝေးမြို့နယ်၊ လယ်တာကြီးကျေးရွာအုပ်စု၊ ချောင်းမငယ်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းရေမြင့်တက်တိုက်စားကာ ကမ်းပါးများ ပဲ့ကျခဲ့သည့်အတွက် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁) စုအား ထောက်ပံ့မှုသတင်း

4 Pic 01

===================================================
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း (၁-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းရေမြင့်တက်တိုက်စားလာမှုကြောင့် ကမ်းပါးများ ပဲ့ကျခဲ့ရာ လယ်တာကြီးကျေးရွာအုပ်စု၊ ချောင်းမငယ်ကျေးရွာ၌ လူနေအိမ် (၁) လုံး ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ဖိုးငွေ (၂၇၃၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၂၇၃၀၀ိ/-) နှင့် (၁၈၆၆၀ိ/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁)အိမ်ထောင်စာတို့အား (၄-၆-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ဲကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events