===============================================
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
===============================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁)အိမ်ထောင်စာ၊ Family kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)နှင့် တစ်စိတ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်စ္စည်းဖိုးငွေ (၇၂၀၀၀၀ိ/-) ၊ လူဦးရေစုစုပေါင်း (၄၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၀၂၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂၂၉၀၀ိ/-) တို့အား ကျိုက်ထိုမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးသို့ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။