Author Archives: Thandar Aung
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN- Habitat နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့က သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
=============================================== နေပြည်တော်၊ သြဂုတ် ၇ ———– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် (UN- Habitat) မှ Country Programme Manager ဖြစ်သူ Mr. Bijay Karmacharya နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သောအဖွဲ့တို့က ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ UN- Habitat အဖွဲ့နှင့် … Read more
-
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ သစ်ငုတ္တထောင်ကျေးရွာအုပ်စု၊ မြောက်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ သစ်ငုတ္တထောင်ကျေးရွာအုပ်စု၊ မြောက်စုကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁)အိမ်ထောင်စာ (၁၈၅၁၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၁၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၂၁၀၀ိ/-)အား (၇-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းကျေးရွာအုပ်စု၊ ကျေးလူးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းကျေးရွာအုပ်စု၊ ကျေးလူးကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၇၀၀၀၀၀ိ/-) အား (၆-၈-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ၌ (၄-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးသွပ်လန်ပျက် စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) နှင့် (၇)ရက်စာဆန်ဖိုးငွေ(၆၃၀၀ိ/-) စုစုပေါင်း(၁၀၆,၃၀၀ိ/-)အား (၆-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောရေဘေးသင့်ဒေသများအတွက် အလှူငွေများပေးအပ် လှူဒါန်းခြင်းနှင့် ပဲခူးတိုင်းဒေသကြီးရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းစည်းဝေး
=============================================== ၄.၈.၂၀၁၈၊ နေပြည်တော် —— မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသရှိပြည်သူများအတွက် အလှူငွေ၊ အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော သဘာဝဘေးများသည် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုနှင့်ဆက်စပ်လျက်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ သည်သဘာဝဘေးအန္တရာယ်ဖြစ်နိုင်မှု အများဆုံးနိုင်ငံများထဲတွင်ပါဝင်သဖြင့် သဘာဝဘေး အန္တရာယ်များကိုရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီးသတိပေးချက်များ ထုတ်ပြန်ခြင်း၊ ပြည်သူများ ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်နိုင်ရန် … Read more
-
လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေသားရေတိုက်စားခံရမှုကြောင့် ကုက္ကိုပင်အမြစ်လန်လဲကျခဲ့၍ အမိုးလန်ပျက်စီးခဲ့သည့် ဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ (၃-၈-၁၈) ရက်နေ့၊ (၀၃း၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားရေတိုက်စားခံရမှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း ဘေးညာဘက်ရှိ ကုက္ကိုပင်လုံးပတ် (၁၀)ပေခန့် အမြစ်လန်၍ လဲကျခဲ့ရာ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ိ/-)နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ဖိုးငွေ(၆၃၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၆၃၀၀ိ/-)နှင့် (၁၈၆၆၀ိ/-) တန်ဖိုးငွေရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စာတို့ကို (၃-၈-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်ရန်နှင့် ပြန်လည်ထူထောင်ရေး အလျင်အမြန် အကောင်အထည်ဖော်ရန် စီမံချက်ဖော်ဆောင်၍ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး
=============================================== သြဂုတ်၊ ၃၊ မော်လမြိုင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအမြန်စတင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါ သည်။ အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေနှင့် သီးနှံဆုံးရှုံးမှုများ၊ လမ်းတံတားပျက်စီးမှုများ၊ စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လိုအပ်ချက်များကို အမြန်ပြန်လည်ဖြည့်ဆည်းပေးရန်၊ ရေဘေးသင့်ပြည်သူများ မိမိတို့၏အသက်မွေးလုပ်ငန်းများသို့ ပြန်လည်ဝင်ရာက်လုပ်ကိုင်နိုင်ရေး၊ လယ်ယာမြေများပြန်လည် စိုက်ပျိုးနိုင်ရေး၊ … Read more
-
(၂၀၁၈) ခုနှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှုစာရင်းချုပ် (၁-၈-၂၀၁၈ နေ့ထိ)
(၂၀၁၈) ခုနှစ်၊ ဇူလိုင်လအတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရေဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့မှုစာရင်းချုပ် (၁-၈-၂၀၁၈ နေ့ထိ) အောက်ပါဇယားအတိုင်းဖော်ပြထားပါသည်-
-
မြေပြိုကျ၍ သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ ဟိန္ဒားကျေးရွာ မိုင်းတွင်း၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် ခဲကျင်နေစဉ် မြေပြိုကျ၍ သေဆုံးခဲ့သူ အမျိုးသား (၁) ဦးအတွက် နာရေးထောက်ပံ့ငွေ (၃) သိန်းအား (၁-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိ တာအနီးမှ (၂၅-၇-၂၀၁၈) ရက်နေ့ ရွှေ့ပြောင်းခဲ့သော အိမ်ခြေ/အိမ်ထောင်စု(၃၀)စု၊ လူဦးရေ(၁၅၂)ဦးနှင့် ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်၌ (၂၄-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့်အိမ်ခြေ(၂)လုံး၊ လူဦးရေ(၉)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၃၂)စု၊ လူဦးရေ (၁၆၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၆၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၈၁၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၃၉၈၁၀၀) … Read more
