===================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းကျေးရွာအုပ်စု၊ ကျေးလူးကျေးရွာ၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၇၀၀၀၀၀ိ/-) အား (၆-၈-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။