ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ သစ်ငုတ္တထောင်ကျေးရွာအုပ်စု၊ မြောက်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

7 Pic 01

===================================================
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ သစ်ငုတ္တထောင်ကျေးရွာအုပ်စု၊ မြောက်စုကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၁)အိမ်ထောင်စာ (၁၈၅၁၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၁၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၂၁၀၀ိ/-)အား (၇-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events