Author Archives: Department of Disaster Management

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ သင်္ကန်းမှော်ကျေးရွာမီးဘေးမှ ဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၅မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ ဘေးသင့်လူဦးရေ (၅)ဦးတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၀,၅၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၀,၅၀၀)တို့အား (၄-၁-၂၀၁၉)နေ့ (၁၂၂၀) အချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁-၂၀၁၉)နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာ မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု(၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁)သိန်း၊ မီးတားကြိုတင်ဖျက်သိမ်းအိမ် (၂)လုံးအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်း ဘေးသင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၄၆,၂၀၀)၊ စုစုပေါင်းရန်ပုံငွေ (၃၄၆,၂၀၀) တို့အား (၄-၁-၂၀၁၉) နေ့ (၁၂၅၅) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ တာဂွတဲကြီးကုန်းအုပ်စု၊ ယင်းတောလေးကျေးရွာနှင့် ထန်းသုံးပင်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် (၁၆-၁၂-၂၀၁၈) ရက်နေ့၌ ကောက်ကြီးစပါးခင်းများ မီးလောင်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်   အိမ်ထောင်စု(၁၂)စုမှ လူဦးရေ (၄၉)ဦးအတွက် ဆန်ရိက္ခာဖိုးကျပ်(၄၄၁,၀၀၀)ကို  (၃-၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၈)ရက်နေ့ (၂၀၃၀)အချိန်တွင် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ အေးသာယာမြို့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄,၂၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၀၄,၂၀၀)အား  (၃-၁-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မြန်မာနိုင်ငံလူ့အခွင်‌့အရေးဆိုင်ရာအစီရင်ခံစာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (၂) ရပ် အစည်းအ‌ဝေးကျင်းပ

    ဇန်နဝါရီလ ၃ ၊ နေပြည်တော် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ(၂)ရပ်ဖြစ်သော ကျား/မတန်းတူရည်တူရှိမှု မြှင်‌့တင်ရေး ထိခိုက်ခံစားလွယ်အုပ်စုများ ကာကွယ်ရေး လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးလုပ်ငန်းကော်မတီများ အစည်းအ‌ဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင်‌့အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (Universal Periodic Review – UPR) အကြံပြုချက်တိုက်တွန်းချက်များ  အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသား … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီးကျွန်း၊ ဂျလန်းကျွန်းနှင့် မကြုံကလက်ကျွန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တနင်္သာရီတိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလုကာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆလုံလူမျိုးများနေထိုင်ရာဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်းနှင့်မကြုံကလက်ကျွန်းများတွင်လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ထောက်ပံ့မှုများကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇာဒက်ကြီးကျေးရွာသို့ရောက်ရှိပြီးကျေးရွာအတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (နှစ်သိန်းလေးသောင်း)၊ မသန်စွမ်းသူ(၄)ဦးအတွက် ထောက်ပံ့ငွေကျပ် (တစ်သိန်းနှစ်သောင်း)၊ မိခင်ဝိုင်းဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (ငါးသိန်းတစ်သောင်း)၊ ကိုယ်ဝန်ဆောင်မိခင် (၂၈)ဦးအတွက် ထောက်ပံ့ငွေ (ရှစ်သိန်းလေးသောင်း)၊ ကျွန်းနေပြည်သူ (၇၁၉) ဦးအတွက် ဆန်ထောက်ပံ့ငွေကျပ်  (သိန်းသုံးဆယ် တစ်သောင်းကိုးထောင့်ရှစ်ရာ)နှင့်  ဆလုံတိုင်းရင်းသား (၄၁၇)ဦးအတွက် ကျားလုံချည်၊ မလုံချည်နှင့် တီရှပ် တို့ကိုအသီးသီးပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောသူများအား လက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် … Read more

  • ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃:ဝဝ) နာရီမှ (၁၅:၀၀) နာရီ အထိ မိုင်းပျဉ်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် ငလျင်ဘေးနှင့်အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_dec2018 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲခြင်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ (၂၉.၁၂.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီမှ နေ့လည် (၁၁) နာရီ အထိ မိုင်းပျဉ်းမြို့နယ်၊ ပိန်းဆန်း ရပ်ကွက်တွင် တက်ရောက်သူ (၁၀၀) ဦးအား ငလျင် ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ငလျင်ဘေး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများ သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more

Sign Up

Upcoming Events