Author Archives: Department of Disaster Management

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြင်သား ကျေးရွာအုပ်စု၊ ကုန်းရွာကျေးရွာတွင်(၁၇-၂-၂၀၁၉)ရက်နေ့(၁၅း၃၀) နာရီအချိန်၌ လေပြင်းတိုက်မှု ကြောင့် အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၄၂) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၂၈၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀)ကျပ်၊ စုစုပေါင်း (၃၆၈,၂၀၀) ကျပ်နှင့် အိမ်ထောင်စု (၈)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးစီ တို့ကို ကုန်းရွာတာဝန်ခံအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု စာရေးတို့နှင့်အတူ (၁၉-၂-၂၀၁၉) ရက်နေ့ ညနေ(၁၅:၃၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ … Read more

  • ရေဘေးသဏ္ဍန်တူ ဇာတ်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်ထွေအုပ်၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်၊ ဒုံးအော့ကျေးရွာ၌ ရေဘေးသဏ္ဍန်တူ ဇာတ်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၄၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင် များ၊ အအေးနှင့် မုန့်များ ပေးဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_fld #sgg_feb2019 Source:         ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)      

  • ပြည်သူ့စကားဝိုင်း အစီအစဉ်ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုက‌လေးမြို့နယ် အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်အတူ (၂၀-၂-၂၀၁၉) ရက်နေ့တွင် ဘိုက‌လေးမြို့နယ်၊ စက်‌ဆန်‌း‌ကျေးရွာအုပ်‌စု၊ မြို့ဦးဘုန်‌း‌တော်‌ကြီး‌ကျောင်‌း၊ တိုက်‌အမှတ်(၁)နယ်‌‌မြေ၌ ပြည်သူ့စကားဝိုင်း (Public Talk) အစီအစဉ်ကို ကျင်‌းပပြုလုပ်ခဲ့ရာ တိုင်‌း‌ဒေသကြီး လွှတ်‌‌တော်‌ကိုယ်‌စားလှယ်နှင်‌့အဖွဲ့၊ မြို့နယ်‌အဆင်‌့ဌာနဆိုင်‌ရာများမှတာဝန်‌ရှိသူများ၊ စက်‌ဆန်‌း‌ကျေးရွာအုပ်‌စုနှင့် ၎င်း၏အနီးရှိ‌ကျေးရွာများမှ ပြည်‌သူများ၊ စုစုပေါင်းလူဦးရေ (၅၀၀) ဦးခန့် တက်‌‌ရောက်‌ခဲ့ကြပြီး တက်ရောက်လာ သူများမှသိရှိလိုသည်‌့ မေးမြန်‌းချက်‌များအား သက်‌ဆိုင်‌ရာဌာနဆိုင်‌ရာများမှ တာဝန်‌ရှိသူများက ပြန်လည် ရှင်‌းလင်‌း‌ဖြေကြား‌ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_feb2019 Source:         … Read more

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဆယ်ရွာကျေးရွာ၌ (၂၀-၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2019 Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်းနှင့် ပြုလုပ်မည့်လုပ်ငန်းအဆင့်ဆင့်ရှင်း လင်းခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ (၇၅) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_str #bgo_feb2019 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)    

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၂-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ မကျီးတောကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၇၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_feb2019 Source:         သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၉) ရက်နေ့က ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ဂုံမင်းကွင်းကျေးရွာတွင် ဖြစ်ပွား ခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၃)လုံးအတွက် (၁)အိမ်လျှင် အိမ်ဆောက် ပစ္စည်းဖိုး (၂၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်၊ မီးဘေးသင့်အိမ်ထောင်စု (၃) စုရှိ လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၃၁,၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၃၁,၅၀၀)ကျပ်၊ (၁၃၁,၁၄၈) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးစီ (၃) အိမ်ထောင်စာနှင့် … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကျင်သီဘုန်းကြီးကျောင်း နှင့် ဆွန်အွိုက်ဘုန်းကြီးကျောင်းသို့ ထပ်မံရာက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂) စု၊ လူဦးရေ (၁၇၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၃၆၇,၅၀၀/-) ကျပ်အား (၁၉-၂-၂၀၁၉) ရက်နေ့၊ (ဝရး၄၅)နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပြည်နယ်မှူး၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_feb2019 … Read more

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ အင်ပင်သာကျေးရွာ အုပ်စု၊ စစ်တောရွာနှင့် ဝါးရုံခုံရွာတို့တွင် (၁၆.၂.၂၀၁၉) ရက်နေ့ (၂၂:၀၀)အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလှန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၁၇) လုံးပျက်စီးခဲ့ရာ၊ အိမ်ထောင်စု (၁၇) စုစာ အတွက် (၁) အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးစီ၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ငွေ (၄၆၀,၀၀၀/-) … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းကျေးရွာ၌ (၁၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀/-) ကျပ်၊ care myanmar ပိုက်ဖျာ (၂) ချပ်အား … Read more

Sign Up

Upcoming Events