Author Archives: Department of Disaster Management

  • ငလျင်ဘေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၁၉) နေ့ (၀၉:၀၀)နာရီအချိန်တွင် ခန္တီးမြို့ပေါ် (၃) ရပ်ကွက်ရှိပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း အင်အား (၁၅၀)ဦးဖြင့် ခန္တီးမြို့နယ် အားကစား ခန်းမ၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_eqk #sgg_feb2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို (၂၃-၂-၂၀၁၉) ရက်နေ့ နံနက်ပိုင်းက ရွာငံမြို့နယ်၊ ဒုတ္ထိုးရေကျေးရွာအုပ်စု၊ ယုံတောင်ကျေးရွာ၊ ယုံတောင်ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျောက်ပုံကျေးရွာအုပ်စု၊ အင်းလှကျေးရွာ၊ အင်းလှဘုန်းတော် ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲများသို့ လူဦးရေ(၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ #ar #shn_feb2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝ‌ဘေး‌လျော့ပါး‌ရေးအသိပညာ‌ပေးများဟော‌ပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၂-၂၀၁၉) ရက်‌‌နေ့တွင် ကျိုက်လတ်မြို့နယ် ရောင်နီဦး လူမှုဖွံ့ဖြိုးတိုးတက်‌‌ရေးအဖွဲ့၏ ‌ကျေးလက်‌‌ဒေသဖွံ့ဖြိုး‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ကျိုက်လတ်မြို့၊ မှန်‌‌ကျောင်း(၆)လမ်းဘုန်းတော်ကြီး‌ကျောင်းတွင် ကျင်းပခဲ့ရာ အမျိုးသားလွှတ်‌‌တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်‌‌ရေးမှူးများ၊ ကျေးရွာကိုယ်စားလှယ်‌‌ခေါင်း‌ဆောင် များ တက်‌‌ရောက်ခဲ့ကြရာ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်‌ပေး‌နေသော လုပ်ငန်းတာဝန် များနှင့် သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေးများဟော‌ပြောခဲ့ပြီး အသိပညာ‌ပေးလက်ကမ်းစာ‌စောင်များ ဝေငှပေးခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက်‌‌ရောက်သူ (၁၅၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။ #ar #ayy_feb2019 Source: … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဆန်း (၇) လမ်း၌ (၂၁-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၁၀) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဘိုး (၂၁,၀၀၀)ကျပ်၊ စုစုပေါင်း … Read more

  • အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

      ဖေဖော်ဝါရီ၂၂၊ နေပြည်တော် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအောက်တွင် ဖွဲ့စည်းထားသောလုပ်ငန်း ကော်မတီများအနက် လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာင်ငံသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကလေးများအားအဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာ ILO Convention 182 ကို … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းအင်ဂျန်ဒုံရပ်ကွက်၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၉) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၂-၂-၂၀၁၉) ရက်နေ့၊ (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_feb2019 … Read more

  • အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အလမန်းတူးချောင်းကျေးရွာအုပ်စု၊ ချောင်းတွင်း ကျေးရွာ၌ (၂၂-၂-၂၀၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ သဘာဝ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူ စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး တက်ရောက်လာသူမျးာအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source:         မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events