Author Archives: Department of Disaster Management
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဗွီနိုင်းဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အများပြည်သူ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် (၂၆-၄-၂၀၁၉)ရက်နေ့တွင် ကျောက်တန်းမြို့နယ် ၊ လမ်းဆုံနေရာတွင် ရေဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်ဆိုက်ထူခြင်းနှင့် သန်လျင်မြို့နယ်၊ ဈေးအဝင်၊ စည်ပင်ဝင်းထောင့်နေရာတွင် ငလျင်ဘေးအသိပညာပေး ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉) ရက်နေ့ ညနေပိုင်းအချိန်၌ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် တွင်ဖြစ်ပွားခဲ့သော လေဘေး၌ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုလဲနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ်(၇)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၂၃၈,၀၀၀/-) ကျပ် ၊ လူဦးရေ(၅၅ဦး)အတွက် ဆန်ရိက္ခာ(၇)ရက် စာအတွက် ထောက်ပံ့ငွေ(၁၁၅,၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေထောက်ပံ့မှု(၇၀၃,၅၀၀/-) ကျပ် နှင့် အိမ်ထောင်စု(၁၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁၂)စု စာတို့အား (၂၅-၄-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #npw_apr2019 Sourceး ပြည်ထောင်စုနယ်မြေ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရွာငံမြို့နယ်၌မိုးသီးကြွေကျခြင်းဘေးဒဏ်သင့်ပြည်သူများကိုအားပေးထောက်ပံ့
ဧပြီ၂၆၊ရွာငံမြို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများလိုက်ပါလျက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်အတွင်းမိုးသီးကြွေကျခြင်းကြောင့်ဘေးဒဏ်သင့်ပြည်သူများအားထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ယနေ့နံနက်ပိုင်းကရှမ်းပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့သို့ရောက်ရှိပြီးမြို့ပေါ်(၃)ရပ်ကွက်နှင့်အင်းကုန်းငါးဆူကျေးရွာအုပ်စုအတွင်းမိုးသီးကြွေကျ၍နေအိမ်အမိုးများပျက်စီးဆုံးရှုံးမှုများကိုလိုက်လံကြည့်ရှုပြီးဒေသခံဘေးဒဏ်သင့်ပြည်သူများအားတွေ့ဆုံကာပျက်စီးဆုံးရှုံးမှုအခြေအနေများကိုပေးမြန်းပြီးအားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဗထူးခန်းမ၌ကျင်းပသောဘေးဒဏ်သင့်ပြည်သူများအတွက်ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကအားပေးအမှာစကားပြောကြားရာနိုင်ငံတော်အစိုးရအနေဖြင့်ပြည်သူများ၏ရသင့်ရထိုက်သောအခွင့်အရေးများကိုသာတူညီမျှခံစားရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်းပြည်သူများ၏ဘေးဒုက္ခများ၊လူမှုဒုက္ခများကိုအမြန်ဆုံးကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီးမူလအခြေအနေထက်ပိုမိုကောင်းမွန်စေရန်လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊သဘာဝဘေးများနှင့်ပတ်သက်၍ကမ္ဘာ့ရာသီဥတုသည်ဖောက်ပြန်ပြောင်းလဲလာပြီးမြန်မာနိုင်ငံတွင်လည်းသဘာဝဘေးဒဏ်များကိုကြုံတွေ့ခံစားနေရပြီဖြစ်ရာဤဒေသ၌မိုးသီးကြွေကျခြင်းသည်ရာသီဥတုဖောက်ပြန်မှု၏အကျိုးသက်ရောက်မှုပင်ဖြစ်ပါကြောင်း၊ထို့အတွက်ဝန်ကြီးဌာန၏ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်ပျက်စီးဆုံးရှုံးမှုများအတွက်အိမ်ဆောက်ပစ္စည်းဘိုးငွေများ၊ဆန်ရိက္ခာဘိုးငွေများအပြင်လူမှုကာကွယ်စောင့်ရှောက်ရေးအတွက်ထောက်ပံ့ငွေများပါယနေ့အခမ်းအနားတွင်ပေးအပ်သွားမှာဖြစ်ပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ကိုယ်ဝန်ဆောင်နှင့်၎င်းမှမွေးဖွားသောကလေးအသက်(၂)နှစ်အထိငွေကြေးထောက်ပံ့ခြင်းနှင့်ပညာပေးခြင်းအစီအစဉ်ကိုလာမည့် (၂၀၁၉ -၂၀၂၀) ဘဏ္ဍာနှစ်တွင်ရှမ်းပြည်နယ်၌ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ကလေးငယ်များအားရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေးနည်းလမ်းဖြင့်မိခင်ဝိုင်းများ၊နေ့ကလေးထိန်းကျောင်းများ၊မူလတန်းကြိုကျောင်းများဖွင့်လှစ်၍ပြုစုလေ့ကျင့်ပေးလျက်ရှိကြောင်း၊လူငယ်များ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်လူငယ်မူဝါဒကိုဖြန့်ချိပြီးမဟာဗျုဟာနှင့်လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊သက်ကြီးဘိုးဘွားများအတွက်လူမှုရေးပင်စင်ထောက်ပံ့ပေးပါကြောင်း၊မသန်စွမ်းများအတွက်ကနဦးထောက်ပံ့မှုများပေးလျက်ရှိပြီးမသန်စွမ်းအဆင့်သတ်မှတ်ခြင်းများပြုလုပ်ပြီးပါက၎င်းတို့၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ဝန်ကြီးဌာန၏မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့်စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ဘေးအန္တရာယ်ဆိုင်ရာကိစ္စများ၊လူမှုရေးရာကိစ္စများတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့်မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကိုသက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာများ၊ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊လွှတ်တော်ကိုယ်စားလှယ်များ၊လူမှုအဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်မှာသာအစိုးရ၏ရည်မှန်းချက်ဖြစ်သည့်တရားဥပဒေစိုးမိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးရွာငံမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌကမိုးသီးကြွေကျခြင်းကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကမိုးသီးကြွေကျသည့်ဘေးဒဏ်သင့်အိမ်ခြေ (၁၉၇၅)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၆၈.၁၉)သိန်းနှင့်ဆန်ရိက္ခာဖိုးငွေကျပ် (၂၀၇.၃၇၅) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၇၇၆.၁၆၅)သိန်း၊ရွာငံမြို့ရှိ(၈)လနှင့်အထက်ကိုယ်ဝန်ဆောင်များ (၁၄၀)ဦးအတွက်ထောက်ပံ့ငွေကျပ် (၄၂)သိန်း၊မီဖွားပြီးစ (၄၅)ရက်အတွင်းမိခင် (၁၇၀)ဦးအတွက်ထောက်ပံ့ငွေကျပ် (၅၁)သိန်း၊ပင်းတယမြို့ရှိဓနုမြေဘိုးဘွားရိပ်သာအတွက်ထောက်ပံ့ငွေ (၁၄.၀၄)သိန်း၊ပင်းတယမူကြိုကျောင်း (၇)ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၄၉)သိန်းနှင့်ရွာငံမူကြိုကျောင်း (၂)ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၁၄)သိန်းတို့ကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပါသည်။ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့ငွေကျပ် (၁၀၀)သိန်း၊ဉာဏ်ကြီးရှင်ကော်ဖီလုပ်ငန်းကထောက်ပံ့ငွေကျပ်(၂၅)သိန်းနှင့်ရွှေသံလွင်ကုမ္ပဏီကအိမ်မိုးသွပ်အချပ် (၁၀,၀၀၀) တို့ကိုလည်းအသီးသီးထောက်ပံ့ခဲ့ကြပါသည်။ ထို့နောက်ရွာငံမြို့နယ်အတွင်းမိုးသီးကြွေကျမှုဘေးကြောင့်ထောက်ပံ့ပေးမှုများနှင့်လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှုများအတွက်ဒေသခံရပ်မိရပ်ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ယနေ့ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့၌လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကစုစုပေါင်းထောက်ပံ့ငွေကျပ်(၁၉၄၆.၂၀၅)သိန်းဖြစ်ကြောင်းသတင်းရရှိပါသည်။
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း(တဲတိုက်)ရှိ ပြည်သူများ သောက်သုံး ရေပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ(၅၅၀)ဦးခန့်အတွက် သောက်သုံးရေ (၆,၀၀၀)ဂါလံကို (၂၆-၄-၂၀၁၉)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ မိုင်းနင်းကျေးရွာအုပ်စု၊ ဝမ်လုံ( ၃)ကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူပူးပေါင်း၍ (၂၅-၄-၂၀၁၉)ရက်နေ့တွင် ပြုပြင်မှုများဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်အတွင်း ယာယီခိုလှုံလျက်ရှိသည့် အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း ယာယီခိုလှုံလျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖားကြွယ်ဝကျေးရွာ တိုက်ပွဲရှောင်စခန်းရှိအိမ်ထောင်စု(၃၆)စု၊ လူဦးရေ (၂၀၇)ဦးနှင့် ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၃၃)စု၊ လူဦးရေ (၁၉၂) ဦးတို့အတွက် ယခင်ထောက်ပံ့ထားသော ရိက္ခာများမှာ ကုန်ဆုံးနေပြီဖြစ်၍ အဆိုပါ တိုက်ပွဲရှောင် အိမ်ထောင်စု(၆၉) စု၊ လူဦးရေ (၃၉၉) ဦးတို့အတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ (၁) လစာထောက်ပံ့ငွေ (၃၅၉၁၀၀၀ိ/-)အား (၂၅-၄-၂၀၁၉) ရက်တွင် သွားရောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#otr #rke_apr2109Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉)ရက်နေ့က ဟင်္သာတမြို့နယ်၊ လယ်တီကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၈,၄၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၀၈,၄၀၀)ကျပ်နှင့် Care Myanmar ပလတ်စတစ်ဖျာ( ၁)ချပ်တို့ကို (၂၆-၄-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ (၂၀၀၀)နာရီအချိန်ခန့်က ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် လုံးခင်းကျွေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ/အိမ်ထောင်စု (၆၈)စုမှ လူဦးရေ (၂၆၇)ဦး ဘေးသင့်ခဲ့ရာ အဆိုပါအိမ်ထောင်စုများမှ လုံးဝပြိုကျပျက်စီးနေအိမ် (၃၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ()မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၇,၀၀၀,၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၃၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၂,၁၃၀,၀၀၀)ကျပ် ၊ အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၃)ကျောင်းအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊ သေဆုံးသူ (၃)ဦးတို့အတွက် ထောက်ပံ့ငွေ (၁)ဦးလျှင် … Read more
-
မြဝတီခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာ၊ DKBA စစ်မှုထမ်းဟောင်းအိမ်ရာတွင် သောက်သုံး ရေပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၅၀)လုံး၊ အိမ်ထောင်စု (၁၆၅)စုမှ လူဦးရေ (၃၀၅)ဦးခန့် အတွက် သောက်သုံးရေ (၃၀၀၀) ဂါလံအားလည်းကောင်း၊ မြဝတီမြို့၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ ပြည်သူလူထုများနှင့် ရတနာဘူမိမွန်ကျောင်းသို့ သောက်သုံးရေဂါလန် (၃၀၀၀)အားလည်းကောင်း (၂၅-၄-၂၀၁၉)ရက်နေ့၊ (၁၆၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့၌ မိုင်ဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ် ၊ ဖန်ဖုကျေးရွာအုပ်စု ၊ နားလောင်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၂၀၀၀၀၀/-) ကျပ် အား (၂၅-၄-၂၀၁၉) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #shn_apr2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
