မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုးကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်၊ မိုင်းနင်းကျေးရွာအုပ်စု၊ ဝမ်လုံ( ၃)ကျေးရွာတွင် လေပြင်းဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာပြည်သူများနှင့်အတူပူးပေါင်း၍ (၂၅-၄-၂၀၁၉)ရက်နေ့တွင် ပြုပြင်မှုများဆောင်ရွက် ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events