မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့ (၂၀၀၀)နာရီအချိန်ခန့်က ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် လုံးခင်းကျွေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ/အိမ်ထောင်စု (၆၈)စုမှ လူဦးရေ (၂၆၇)ဦး ဘေးသင့်ခဲ့ရာ အဆိုပါအိမ်ထောင်စုများမှ လုံးဝပြိုကျပျက်စီးနေအိမ် (၃၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ()မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၇,၀၀၀,၀၀၀)ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၃၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၂,၁၃၀,၀၀၀)ကျပ် ၊ အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း(၃)ကျောင်းအတွက်ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊  သေဆုံးသူ (၃)ဦးတို့အတွက် ထောက်ပံ့ငွေ (၁)ဦးလျှင် (၃)သိန်းနှုန်းဖြင့် (၉၀၀,၀၀၀)ကျပ်၊ စုစုပေါင်းအိမ်ထောင်စု (၂၆၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ (၁,၉၃၅,၆၈၅)ကျပ်၊ (၂၆၇)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့မှုတန်ဖိုးငွေ (၅၆၀,၇၀၀)ကျပ်နှင့် စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၁၂,၈၂၆,၃၈၅)ကျပ်တို့အား (၂၅-၄-၂၀၁၉)ရက်နေ့တွင် ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events