လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း ယာယီခိုလှုံလျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖားကြွယ်ဝကျေးရွာ တိုက်ပွဲရှောင်စခန်းရှိအိမ်ထောင်စု(၃၆)စု၊ လူဦးရေ (၂၀၇)ဦးနှင့် ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၃၃)စု၊ လူဦးရေ (၁၉၂) ဦးတို့အတွက် ယခင်ထောက်ပံ့ထားသော ရိက္ခာများမှာ ကုန်ဆုံးနေပြီဖြစ်၍ အဆိုပါ တိုက်ပွဲရှောင် အိမ်ထောင်စု(၆၉) စု၊ လူဦးရေ (၃၉၉) ဦးတို့အတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ (၁) လစာထောက်ပံ့ငွေ (၃၅၉၁၀၀၀ိ/-)အား (၂၅-၄-၂၀၁၉) ရက်တွင် သွားရောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#otr
#rke_apr2109Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)