လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉)ရက်နေ့၌ မိုင်ဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ် ၊ ဖန်ဖုကျေးရွာအုပ်စု ၊ နားလောင်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၂၀၀၀၀၀/-) ကျပ် အား (၂၅-၄-၂၀၁၉) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#shn_apr2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)