လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉) ရက်နေ့ ညနေပိုင်းအချိန်၌ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် တွင်ဖြစ်ပွားခဲ့သော လေဘေး၌ပျက်စီးဆုံးရှုံးခဲ့သည့် ပြိုလဲနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ်(၇)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၂၃၈,၀၀၀/-) ကျပ် ၊ လူဦးရေ(၅၅ဦး)အတွက် ဆန်ရိက္ခာ(၇)ရက် စာအတွက် ထောက်ပံ့ငွေ(၁၁၅,၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေထောက်ပံ့မှု(၇၀၃,၅၀၀/-) ကျပ် နှင့် အိမ်ထောင်စု(၁၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁၂)စု စာတို့အား (၂၅-၄-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#npw_apr2019 Sourceး ပြည်ထောင်စုနယ်မြေ နေပြည်တောင်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events