Author Archives: Department of Disaster Management

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာတွင် လူနေအိမ် (၂) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့၍ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁၂၅၀၀/-) ကျပ်တိတိကို ဘေးသင့်ပြည်သူများ ထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းဘွဲမြို့နယ်၊ ရွှေဂန်းကျေးရွာတွင် ဘာသာရေး ကျောင်း (၂) ကျောင်းနှင့် အိမ်ခြေ (၃၉) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၃၉) စု ၊ လူဦးရေ (၂၃၃) ဦး ဘေးသင့်ခဲ့ရာ (၆-၅-၂၀၁၉) ရက်နေ့တွင် အိမ်ထောင်စု (၃၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးစီနှင့် အိမ်ခြေ (၃၉) လုံးနှင့် ဘာသာရေး … Read more

  • သောက်သုံးရေလှူဒါန်းမှုသတင်း

        လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရတနာဘုံမြင့်ဆရာတော်၏ အကူအညီတောင်းခံမှုကြောင့် သောက်သုံးရေပြတ်လပ်နေသည့် ရတနာဘုံမြင့်ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလန်(၁,၅၀၀)အား (၆.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #krn_may2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၅.၂၀၁၉)ရက်နေ့ နေ့လည်(၁၅း၃၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ အုတ်ဖိုမြို့နယ်အတွင်းကျေးရွာအုပ်စု(၃)စုတို့တွင် (၂.၅.၂၀၁၉)ရက်နေ့ က ဖြစ်ပွားခဲ့သော လေပြင်းဘေးမှ အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၀)အိမ်ထောင်စာ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၄၂၅၀၀ိ/) ကျပ်တိတိကို လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_may2019 Source – မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့ (၁၉းဝ၀) နာရီအချိန်တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ရေစကြိုမြို့နယ်၊ ထန်းတောငယ်ကျေးရွာအုပ်စု၊ ဥက္ကံကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၉၇) အိမ်၊ အိမ်ထောင်စု (၂၁၈) စု၊  လူဦးရေ (၁၁၀၈) ဦးခန့်အတွက် စေတနာရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ကမ္ဘောဇအလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) ကို  သွားရောက် ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဟောပြောပို့ချမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာတွင် လူဦးရေ(၇၀)ဦးခန့်တို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ မီးဘေး၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_may2019 Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အမိုးများပျက်စီးသွားခဲ့သော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ လူနေအိမ် (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂) အိမ်ထောင်စာတို့အား (၆-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၅.၂၀၁၉) နေ့ (ရး၄၅)အချိန်တွင် ထမင်းပေါင်းအိုး ဝါယာကြိုးမှ အပူလွန်ကဲပီး ကောလင်းမြို့နယ်၊ ဈေးရုံဗိုလ်တဲရပ်ကွက်တွင် မီးလောင်မှု ဖြစ်သွားရာ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၃) စု ကဆရပစ္စည်း(၁၆)မျိုး၊ (၃) အိမ်ထောင်စာ၊ ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) လူ (၇) ဦးစာ၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/-) စုစုပေါင်း (၁၁၄၇၀၀ိ/-) တိတိအား (၆.၅.၂၀၁၉) နေ့တွင် ဘေးသင့်သူပြည်သူထံ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း … Read more

  • ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ပေးမှုသတင်း

    ပဲခူးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ထပ်တိုး ပြိုလဲနေအိမ်(၁၇)လုံး၊ အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၄၇)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၇၉)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅,၈၃၀,၉၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၇) အိမ်ထောင်စာ၊ (၂-၅-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန်/ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၆၉)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ ပြိုလဲနေအိမ်များမှ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃,၂၁၄,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ(၉,၀၄၅,၅၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၁၉)အိမ်ထောင်စာတို့အား (၄-၅-၂၀၁၉) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ဖတ်တဲကုန်းကျေးရွာတို့ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၂၁၀) အိမ်မှ လူဦးရေ (၉၇၀) ဦးအတွက် သောက်သုံးရေဂါလံ (၃၂၀၀) ကို  သွားရောက်ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npt_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events