Author Archives: Department of Disaster Management

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်လက်ကြီးကျေးရွာရှိ ကျေးရွာနေပြည်သူ (၁) ဦး မီးဘေးသင့် သေဆုံးခဲ့၍  သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ (၁၄-၅-၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fir #kcn_may2019 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား MEC (၇)ပေသွပ်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာ၌ (၁၃-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၃၂)လုံး၊ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၁၅)ဦးတို့မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအတွက် အိမ်များအမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်ထောင်စု(၁)စုလျှင် MEC (၇)ပေသွပ် (၁၀)ချပ်နှုန်းဖြင့် အိမ်ထောင်စု (၃၂)စာအတွက် သွပ်(၃၂၀)ချပ်တို့အား (၁၅-၅-၂၀၁၉)ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့၌ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၆၅) စုမှ လူဦးရေ (၉၅၁) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည် (၁) ထည်၊ မလုံချည် (၁) ထည်၊ တပတ် (၁) ထည်၊ တီရှပ် (၂) ထည်၊ ကာလတန်ဖိုး (၉၈၃ဝိ/-) ကျပ်) နှုန်းဖြင့် … Read more

  • မုန်တိုင်းအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဘီးလင်း မြို့နယ်၊ ဘိုးရာဇာရပ်ကွက် မြို့ပတ်လမ်း အ.ထ.က(၁)ကျောင်းရှေ့တွင် မုန်တိုင်းအသိပညာပေး ဗီးနိုင်း ဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar_str #mon_may2019 Source – ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပန်းတောင်း မြို့နယ်၊ တောင်ဘို့ကြီးကျေးရွာအုပ်စု၊ မြေဝါကုန်းကျေးရွာနေပြည်သူ အိမ်ထောင်စု (၉၂) စုအတွက် သောက်သုံးရေ (၂၀) လီတာ (၂၀၀) ဗူးနှင့် သုံးရေဂါလံ (၁၆၀၀) အား ဥသျှစ်ပင်အရံမီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ  ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉)ရက်နေ့၊နံနက်( ၁၀:၀၀)နာရီချိန်တွင် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူးကျေးရွာရှိအိမ်ထောင်စု အိမ်ခြေ (၃၀၆)လုံး၊ (၃၁၀)စုမှ လူဦးရေ (၁,၇၈၇) ဦးတို့အတွက် သောက်သုံးရေဂါလန် (၁,၅၅၀)ဂါလန်အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #ayy_may2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း ================================

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့ ညောင်ရွှေမြို့နယ်ကျေးရွာအုပ်စု (၃) စု ကျေးရွာ (၁၀) ရွာ၌ လေဘေးသင့် အိမ်ခြေ (၆၄) အိမ်ထောင်စု (၆၄) ဘာသာရေးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၂၅၀၀၀) ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၈) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၅၆) စုစာအား (၁၃-၅-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #shn_may2019 … Read more

  • မုန်တိုင်းအသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် မုန်တိုင်းအသိပညာပေး ဗွီနိုင်းဆိုင်း ဘုတ်အား စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_may2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော မီးလောင်မှုကြောင့် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီကျေးရွာရှိ  ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (ပလပ်စတစ်ပုံးပါ)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/-) ကျပ်အား ထနီးကျေးရွာအုပ်ချုပ်ရေးမှှူးရုံး၌ တာဝန်ရှိသူများနှင့်အတူ (၁၃-၅-၂၀၁၉) ရက်နေ့တွင် … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၀) စုမှ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) နှင့် ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု၊ အေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၀) စုမှ  လူဦးရေ (၂၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) တို့အား ပုဂံမီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ  ကျေးရွာများအရောက် ထမ်မံသွားရောက်ဖြန့်ဝေ ပေးခဲ့ရာ … Read more

Sign Up

Upcoming Events