လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော မီးလောင်မှုကြောင့် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီကျေးရွာရှိ ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (ပလပ်စတစ်ပုံးပါ)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀၀/-) ကျပ်အား ထနီးကျေးရွာအုပ်ချုပ်ရေးမှှူးရုံး၌ တာဝန်ရှိသူများနှင့်အတူ (၁၃-၅-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မိသားစု လက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_may2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)