လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉)ရက်နေ့၊နံနက်( ၁၀:၀၀)နာရီချိန်တွင် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ တဲ့တဲ့ကူးကျေးရွာရှိအိမ်ထောင်စု အိမ်ခြေ (၃၀၆)လုံး၊ (၃၁၀)စုမှ လူဦးရေ (၁,၇၈၇) ဦးတို့အတွက် သောက်သုံးရေဂါလန် (၁,၅၅၀)ဂါလန်အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)