Author Archives: Department of Disaster Management

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဇလွန်မြို့နယ်၊ သာဒုချောင်း ကျေးရွာအုပ်စု၊  ကျေးရွာခွဲ (၃) ရွာတို့ရှိ ပြိုကျအိမ်ခြေ (၃) လုံး (သစ်-၁၊ ဝါး-၂) ၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံး၊ စုစုပေါင်းအိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၄၇၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွွေကျပ် … Read more

  • ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

    မေ၊၂၀၊ နေပြည်တော်၊ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာရှေ့လုပ်ငန်းစဉ်များပေါ် ညှိနှိုင်းအစည်းအဝေး နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ (၄-၁၀-၂၀၁၈)ရက်နေ့တွင် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု ကျေးရွာ (၅) ရွာတို့ရှိ အမိုးလန်နေအိမ် (၁၈) လုံး၊ အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၆၉) အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၄၄၉၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၉၆၀၀၀/-) ကျပ်၊ ရန်ပုံငွေ စုစုပေါင်း (၅၄၀၉၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more

  • မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ဝါးပတောကျေးရွာအုပ်စု၊ စံပယ်ကုန်းကျေးရွာတွင် (၁၉-၅- ၂၀၁၉)နေ့ မိုးရွာသွန်းနေစဉ် ကလေးများရေချိုးရာမှ လျှပ်တပြက်မိုးကြိုးပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သော ကလေး(၃)ယောက်တို့အတွက် (၁) ဦးလျှင်ထောက်ပံ့ငွေကျပ်(၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃)ယောက်စာ (၉၀၀,၀၀၀)ကျပ်တို့ကို (၂၀-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု နည်းပြသင်တန်းဖွင့်အခမ်းအနားပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ဟင်္သာတမြို့၌(၂၀.၅.၂၀၁၉)နေ့နံနက်(၀၈း၃၀)နာရီအချိန်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းပြသင်တန်းဖွင့်အခမ်းအနားပြုလုပ်ခဲ့ရာသင်တန်းကျောင်းကျောင်းအုပ်ကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပြီးAsian Preparedness Partnershipမှ တာဝန်ရှိသူ များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊သင်တန်းနည်းပြများ၊သင်တန်းသားသူ(၂၀)ဦးအပါအဝင် စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_may2019 Source: DMTC

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀.၅. ၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်မှ(၂:၀၀)နာရီ အချိန် အထိ သံတွဲခရိုင်သံတွဲမြို့နယ်ဥယာဉ်ကွင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာ သားသူ/သားများ အား ငလျင်ဘေး၊လေဘေး၊ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွား နေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင်ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ( ၈၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #rke_may2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၉) ရက်နေ့၊ (၂၀:၅၀) အချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀,၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာတို့အား တာဝန်ရှိသူများနှင့် … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မွှေးလုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာတွင် (၁၈-၅-၂၀၁၉) နေ့တွင်ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့်တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ် ၊ဘေးသင့်လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ်(၅၆,၃၀၀)ကျပ်တို့ကို ဟသာၤတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညာင်ဦးမြို့နယ်၊ တောရွာ ကျေးရွာအုပ်စု၊ တောရွာကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၀) စု၊ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေရေဂါလံ (၃၂၀၀) ကို ကျေးရွာအရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ဟသာၤတမြို့နယ်၊အုပ်စု(၂)စု(ရှားဖြူ ကုန်း၊သဲဖြူ (ဒူးယား)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတို့တွင် (၁၇-၅-၂၀၁၉) နေ့ဖြစ်ပွားသောလေဘေးသင့်ပြို(ဝါး-၂)| တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၄)လုံး၊ စုစုပေါင်းအိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၅၆၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၂၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေကျပ်(၅၆,၇၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ ( ၆၁၆,၇၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး (၂) အိမ်ထောင်စာ တန်ဖိုး-(၆၄,၇၀၆)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၆၈၁,၄၀၆) ကျပ်တို့ကို ဟသာၤတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more

Sign Up

Upcoming Events