လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညာင်ဦးမြို့နယ်၊ တောရွာ ကျေးရွာအုပ်စု၊ တောရွာကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၁၀) စု၊ လူဦးရေ (၉၃၈) ဦးတို့အတွက် သောက်သုံးရေရေဂါလံ (၃၂၀၀) ကို ကျေးရွာအရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#mdy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)