လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀.၅. ၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်မှ(၂:၀၀)နာရီ အချိန် အထိ သံတွဲခရိုင်သံတွဲမြို့နယ်ဥယာဉ်ကွင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာ သားသူ/သားများ အား ငလျင်ဘေး၊လေဘေး၊ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွား နေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင်ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ( ၈၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)