လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ဝါးပတောကျေးရွာအုပ်စု၊ စံပယ်ကုန်းကျေးရွာတွင် (၁၉-၅- ၂၀၁၉)နေ့ မိုးရွာသွန်းနေစဉ် ကလေးများရေချိုးရာမှ လျှပ်တပြက်မိုးကြိုးပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့သော ကလေး(၃)ယောက်တို့အတွက် (၁) ဦးလျှင်ထောက်ပံ့ငွေကျပ်(၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃)ယောက်စာ (၉၀၀,၀၀၀)ကျပ်တို့ကို (၂၀-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)