လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ဇလွန်မြို့နယ်၊ သာဒုချောင်း ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၃) ရွာတို့ရှိ ပြိုကျအိမ်ခြေ (၃) လုံး (သစ်-၁၊ ဝါး-၂) ၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံး၊ စုစုပေါင်းအိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၄၇၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွွေကျပ် (၆၀၉၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၃၀၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၆၂၇၉၅၉/-) ကျပ်တို့ကို ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)