လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မွှေးလုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာတွင် (၁၈-၅-၂၀၁၉) နေ့တွင်ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့်တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ် ၊ဘေးသင့်လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ်(၅၆,၃၀၀)ကျပ်တို့ကို ဟသာၤတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source:ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)