Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ         စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉) ရက်နေ့တွင် ပြည်သူလူထုများ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်အချက်များ သိရှိနိုင်ရန်အတွက် ရေးမြို့နယ် သီရိနန္ဒာရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့ တပ္ပလင်နှစ်ဆူ လမ်းဆုံနေရာ၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာမြေစိုက်ဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mon_may2019 Source – ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့နယ်၊ ရွာသာကုန်းကျေးရွာ အုပ်စု၊ အိမ်တိုက်ကုန်းကျေးရွာနှင့် ဖူတိုက်ကျေးရွာတို့တွင် (၂၁-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ (၉၇၀၅၉/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) … Read more

  • နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် ထိုင်းနိုင်ငံ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူ (၅၉) ဦး (ကျား – ၅၆၊ မ – ၃) အား ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့်အတူ ကြိုဆိုပို့ဆောင်ခြင်း၊ စာရင်းကောက်ယူခြင်းနှင့် လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ၌ ပူးပေါင်း ဆောင်ရာက်ခဲ့ရာ အဆိုပါ (၅၉) ဦးအား ခရိုင်အဆင့်မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၊ အလှူရှင်များနှင့် NGOs များမှ … Read more

  • လေပြင်းဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာ၊ မားနာပလော့ကျေးရွာတွင် (၁၈-၅-၂၀၁၉) ရက်နေ့က လေပြင်းဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar_sgw #kyh_may2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု ၊ ကျောင်းရွာကျေးရွာနှင့် မိဖုရားချိုင့်ကျေးရွာ၊ ကော်တုံကျေးရွာအုပ်စု၊ ကော်တုံကျေးရွာ၊ကဇွန်းမကျေးရွာအုပ်စု၊ကဇွန်းမရွာသစ်ကျေးရွာနှင့် သပြေပင်ကျေးရွာ၊ငှက်ကွေးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနှင့် စိုင်နီကျေးရွာတို့တွင်(၂၀-၅-၂၀၁၉)ရက်နေ့ (၁၆:၁၅)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၄၀)လုံး၊ အိမ်ထောင်စု(၄၀)စု၊ လူဦးရေ (၁၆၉)ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၅၄,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁,၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁,၆၅၄,၉၀၀)ကျပ်တို့ကို ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျောင်းရွာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကော်တုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကဇွန်းမကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသော ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ကျေးရွာအုပ်စု၊ မကျည်းသုံးပင်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၃၂) အိမ်၊ အိမ်ထောင်စု (၁၃၂) စု၊ လူဦးရေ (၆၂၈) ဦးခန့်အတွက် ရေသယ်ယာဉ် (၁) စီး+ ရေဂါလံ (၂၂၀၀) ဆန့်ရေကား (၁) စီးဖြင့်  သောက်သုံးရေဂါလံ (၅၈၀၀) အား စေတနာရှင် ပြည်သူများ၊ ယုဝသိသောဓကအသင်း (ကုဋီသန့်ရှင်းရေးနှင့် ဝေယျာဝစ္စအဖွဲ့) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်     ဘီးလင်းမြို့နယ်၊ အဟုံးဝကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀)ကျပ် စုစုပေါင်း (၁၁၆၈၀၀) ကျပ်အား (၂၁.၅.၂၀၁၉) ရက်နေ့ (၁၅း၃၀)နာရီ လေဘေးသင့်ပြည်သူထံလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ထို့အတူ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ လူဦးရေ (၈)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၆၈၀၀)ကျပ် စုစုပေါင်း … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရပ်ကွက် (၃) ခု တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၄၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၄၀၅,၀၀၀) ကျပ်တို့ကို ( ၂၁.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အုပ်စု(၅)စု၊ (ငါးဖယ်ထူ၊ ရဲကွင်း၊ တလုတ္ထော်၊ ကော်ဇံ၊ မွှေးလုံး)၊ ကျေးရွာခွဲ(၁၀)ရွာတို့တွင် (၁၈-၅-၂၀၁၉) နေ့ဖြစ်ပွားသော လေဘေးသင့်ပြို (ဝါး-၂) လုံး၊ တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၂၉)လုံး၊ စုစုပေါင်းအိမ်ထောင်စု(၃၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၅၄၀၀၀၀/-)၊ သာသနိကအဆောက်အအုံတစ်စိတ်တစ်ပိုင်းပျက်စီး(၂)ကျောင်းအတွက် ထောက်ပံ့ငွေ(၈၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၁၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေကျပ်(၂၄၃၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေ ( ၁၈၆၃၆၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး- (၂)  အိမ်ထောင်စာတန်ဖိုး-(၆၄၇၀၆/-)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၁၉၂၈၃၀၆/-) ကို ဟသာၤတမြို့နယ် … Read more

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်(၃)ခုအား မြင်းမူမြို့နယ်၊ မြောင်လမ်းဆုံ၌လည်းကောင်း၊ ချောင်းဦး မြို့နယ်၊ ပခုက္ကူလမ်းဆုံ၌လည်းကောင်း၊ မြောင်မြို့နယ်၊ မကျီးဘုတ်လမ်းဆုံ၌လည်းကောင်း အသီးသီး စိုက်ထူ ပေးခဲ့ကြောင်း သိရှိရပါသည်။ #sgg_may2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events