နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း

22_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် ထိုင်းနိုင်ငံ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူ (၅၉) ဦး (ကျား – ၅၆၊ မ – ၃) အား ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့်အတူ ကြိုဆိုပို့ဆောင်ခြင်း၊ စာရင်းကောက်ယူခြင်းနှင့် လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ၌ ပူးပေါင်း ဆောင်ရာက်ခဲ့ရာ အဆိုပါ (၅၉) ဦးအား ခရိုင်အဆင့်မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၊ အလှူရှင်များနှင့် NGOs များမှ သောက်သုံးရေ၊ အချိုရည်နှင့် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းနှင့် ခရီးစရိတ်နှင့် စားစရိတ်များထောက်ပံ့ပေးခဲ့ပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ ယင်းနေ့ (၁၄:၄၀) ချိန်တွင် ကော့သောင်းမြို့မှ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_otr

#tny_may2019

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events