လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရပ်ကွက် (၃) ခု တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၄၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၄၀၅,၀၀၀) ကျပ်တို့ကို ( ၂၁.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)