လေဘေးထောက်ပံ့မှုသတင်း

22 pic 01

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်     ဘီးလင်းမြို့နယ်၊ အဟုံးဝကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀)ကျပ် စုစုပေါင်း (၁၁၆၈၀၀) ကျပ်အား (၂၁.၅.၂၀၁၉) ရက်နေ့ (၁၅း၃၀)နာရီ လေဘေးသင့်ပြည်သူထံလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ထို့အတူ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)သိန်း၊ လူဦးရေ (၈)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၆၈၀၀)ကျပ် စုစုပေါင်း (၁၁၆၈၀၀) ကျပ်အား (၂၁.၅.၂၀၁၉) ရက်နေ့ (၁ရး၃၀)နာရီ အချိန်တွင် ဆက်လက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mon_may2019

Source – ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events