လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

22_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု ၊ ကျောင်းရွာကျေးရွာနှင့် မိဖုရားချိုင့်ကျေးရွာ၊ ကော်တုံကျေးရွာအုပ်စု၊ ကော်တုံကျေးရွာ၊ကဇွန်းမကျေးရွာအုပ်စု၊ကဇွန်းမရွာသစ်ကျေးရွာနှင့် သပြေပင်ကျေးရွာ၊ငှက်ကွေးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနှင့် စိုင်နီကျေးရွာတို့တွင်(၂၀-၅-၂၀၁၉)ရက်နေ့ (၁၆:၁၅)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၄၀)လုံး၊ အိမ်ထောင်စု(၄၀)စု၊ လူဦးရေ (၁၆၉)ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၅၄,၉၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁,၃၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁,၆၅၄,၉၀၀)ကျပ်တို့ကို ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျောင်းရွာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကော်တုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကဇွန်းမကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ငှက်ကွေးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events