လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်ကုန်းမြို့နယ်၊ ရွာသာကုန်းကျေးရွာ အုပ်စု၊ အိမ်တိုက်ကုန်းကျေးရွာနှင့် ဖူတိုက်ကျေးရွာတို့တွင် (၂၁-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာ (၉၇၀၅၉/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၄၂၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄၂၀၀၀/-) ကျပ်အား (၂၂-၅-၂၀၁၉) ရက်နေ့ (၁၁းဝ၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ််ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)