လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသော ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ကျေးရွာအုပ်စု၊ မကျည်းသုံးပင်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၃၂) အိမ်၊ အိမ်ထောင်စု (၁၃၂) စု၊ လူဦးရေ (၆၂၈) ဦးခန့်အတွက် ရေသယ်ယာဉ် (၁) စီး+ ရေဂါလံ (၂၂၀၀) ဆန့်ရေကား (၁) စီးဖြင့် သောက်သုံးရေဂါလံ (၅၈၀၀) အား စေတနာရှင် ပြည်သူများ၊ ယုဝသိသောဓကအသင်း (ကုဋီသန့်ရှင်းရေးနှင့် ဝေယျာဝစ္စအဖွဲ့) ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမောင်မြား၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းတို့နှင့်အတူ သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
မွန်းလွဲပိုင်းတွင် သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသော မြိုင်မြို့နယ်၊ နှင်းဆီကန် ကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာ၊ သောင်တောတဲတိုက်ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၀) ၊ အိမ်ထောင်စု(၁၂၀)၊ လူဦးရေ (၅၀၀) ဦးခန့်အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ် (၁) စီး+ရေဂါလံ (၂၄၀၀) ဆန့်ရေကား (၁) စီးဖြင့် သောက်သုံးရေဂါလံ (၆၀၀၀) အား စေတနာရှင် ပြည်သူများ၊ ယုဝသိသောဓကအသင်း (ကုဋီသန့်ရှင်း ရေးနှင့် ဝေယျာဝစ္စအဖွဲ့) ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ခင်ပိုတို့နှင့်အတူ သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
ညနေ (၅) နာရီအချိန်၌ သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသော မြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာအုပ်စု၊ ပဒိုင်းတော (န) ကျေးရွာရှိ ကျေးရွာနေပြည်သူအိမ်ခြေ (၄၄၅) အိမ်၊ အိမ်ထောင်စု (၄၈၇) စု၊ လူဦးရေ (၂၂၆၅) ဦးတိုု့အတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ် (၁) စီး+ရေဂါလံ (၂၄၀၀) ဆန့်ရေကား (၁) စီးဖြင့် သောက်သုံးရေဂါလံ (၆၀၀၀) အား စေတနာရှင်ပြည်သူများ၊ ယုဝသိသောဓကအသင်း (ကုဋီသန့်ရှင်းရေးနှင့် ဝေယျာဝစ္စအဖွဲ့)၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်ခင်ပိုတို့နှင့်အတူ သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
ဆက်လက်၍ ည (၈) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာ၊ ပုဗ္ဗာရုံပရဟိတဘုန်းတောင်ကြီးသင်ပညာရေးကျောင်းတွင် သောက်သုံးရေရှားပါးမှုကြောင့် အရှင်သံဃာ(၂၀)ဦး၊ ကျောင်းနေ ကျောင်းသား/သူ(၂၈၅)ဦး သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့်အတူ စေတနာရှင် ပြည်သူများနှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) အား သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
ကောင်းဂုဏ်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း၊ အမှတ် (၆) ရပ်ကွက် (ကမ္မမြို့) အရေးပေါ်ရေတိုင်နှင့် သီဟိုဋ္ဌ်ရှင် ဘုရားကြီးဂေါပကအဖွဲ့တို့မှ ရေကားများသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါကြောင်းနှင့် (၂၁-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေဖြန့်ဝေမှှုမှာ စုစုပေါင်းသောက်သုံးရေဂါလံပေါင်း (၂၁၄၀၀) ဂါလံ ဖြန့်ဝေပေးခဲ့ ပါကြောင်းသတင်းရရှိပါသည်၊၊
#ha_drg
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)