Author Archives: Department of Disaster Management

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျေးရွာအုပ်စု (၁၃) စုတို့ရှိ အမိုးလန်နေအိမ် (၁၁၃) လုံး၊ ဘုန်းကြီးကျောင်း (၅) ကျောင်း၊ သုဿာန်ဇရပ် (၁) လုံးနှင့် ပြိုလဲနေအိမ် (၁၀) လုံး ဘုန်းကြီးကျောင်း (၁) ကျောင်း၊ လူဦးရေ (၃၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ စုစုပေါင်း (၅၇၄၄၄၅၀/-) ကျပ်၊ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅- ၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်အုပ်စု၊ ယင်းဆယ် ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သောအိမ်ခြေ (၁) လုံး၊ အိမ်ထာင်စု (၁) စုရှိ လူဦးရေ (၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၄၇၀၀/-) ကျပ်ကို … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၅-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဟန်းတဲရပ်ကွက်တွင် မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးတို့အတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်တန်ဖိုးငွေ လုံးဝပျက်စီးအိမ်ခြေ(၁)လုံးအတွက်(၂၀၀,၀၀၀) ကျပ်၊ လူဦးရေ(၈)ဦးအတွက်(၇)ရက်စာဆန်ဖိုးငွေ (၁၆,၈၀၀) ကျပ်၊စုစုပေါင်းထောက်ပံငွေ (၂၁၆,၈၀၀) ကျပ်တို့ကို(၂၄-၅-၂၀၁၉) ရက်နေ့ ညနေ(၃:၀၀)နာရီ အချိန်တွင်ဘေးသင့် ပြည်သူ့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #kcn_may2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိတ်ကျေးရွာအုပ်စု၊ ကန်ဇွန်းအင်းကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးပို့ချခဲ့ရာ ပြည်သူလူထု(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝ ဘေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ နံရံကပ်ပိုစတာများနှင့် ရေသန့်ဆေးများဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_may2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ (၁၉.၂၀.၂၁.၅.၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ် (၇၁) လုံး၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ပြိုလဲနေအိမ် (၂) လုံး တို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၉၇၃၁၀၀)၊ ပြိုလဲနေအိမ် (၂) လုံးရှိ လူဦးရေ (၇) ဦးတို့အတွက် ဆန်ဖိုးထောက်ပံ့ ငွေ(၁၄၇၀၀/-)၊ ဒဏ်ရာရ (၁) ဦး အတွက်ထောက်ပံ့ငွေ (၅၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၃၇၈၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ပလတ်စတစ်ပုံးအပါ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာအုပ်စု၊ ညောင်လယ်ကျေးရွာ ဘုန်းကြီးကျောင်း၌ (၂၄-၅-၂၀၁၉) ရက်နေ့ (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း (၁၅၆) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2019 Source: … Read more

  • မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

    (၂၁.၅.၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျုံပါကျေးရွာအုပ်စု၊ ကျုံပါချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    ၁၉/၂၁.၅.၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျေးရွာအုပ်စု(၁၅)အုပ်စု၊ ရပ်ကွက်(၂)ရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၃၆)လုံး၊ အမိုးလန်နေအိမ်(၂၀၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၈,၆၇၅,၀၀၀)ကျပ်၊ ပြိုလဲနေအိမ်(၃၆)လုံးမှ လူဦးရေ(၁၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃၃,၉၀၀)ကျပ်နှင့် စုစုပေါင်းထောက်ပံ့ငွေ(၉,၀၀၈,၉၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် UNDP အဖွဲ့အစည်းတို့ပူးပေါင်း၍ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်၊ အ.မ.က (၂) ကျောင်းတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခြင်းအခမ်းအနားအား (၂၄-၅-၂၀၁၉) ရက်နေ့တွင် လူဦးရေ (၁၈၀) ဦးခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #simex #chn_may2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events