လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကျေးရွာအုပ်စု (၁၃) စုတို့ရှိ အမိုးလန်နေအိမ် (၁၁၃) လုံး၊ ဘုန်းကြီးကျောင်း (၅) ကျောင်း၊ သုဿာန်ဇရပ် (၁) လုံးနှင့် ပြိုလဲနေအိမ် (၁၀) လုံး ဘုန်းကြီးကျောင်း (၁) ကျောင်း၊ လူဦးရေ (၃၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ စုစုပေါင်း (၅၇၄၄၄၅၀/-) ကျပ်၊ ပြိုလဲ (၁၀) အိမ်ရှိ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးပါ) (၁၀) အိမ်ထောင်စာအား (၂၂-၅-၂၀၁၉) ရက်နေ့နှင့် (၂၄-၅-၂၀၁၉) ရက်နေ့များတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးဖြစ်ပွားရာ ဒေသများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)