လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် UNDP အဖွဲ့အစည်းတို့ပူးပေါင်း၍ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်၊ အ.မ.က (၂) ကျောင်းတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မြေငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခြင်းအခမ်းအနားအား (၂၄-၅-၂၀၁၉) ရက်နေ့တွင် လူဦးရေ (၁၈၀) ဦးခန့်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#simex
#chn_may2019
Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)