သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်မှုသတင်း

24_Pic_02 24_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးတို့မှတာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိတ်ကျေးရွာအုပ်စု၊ ကန်ဇွန်းအင်းကျေးရွာတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးပို့ချခဲ့ရာ ပြည်သူလူထု(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါတက်ရောက်လာသူများအား သဘာဝ ဘေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ နံရံကပ်ပိုစတာများနှင့် ရေသန့်ဆေးများဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#npw_may2019
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events