သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

24_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာအုပ်စု၊ ညောင်လယ်ကျေးရွာ ဘုန်းကြီးကျောင်း၌ (၂၄-၅-၂၀၁၉) ရက်နေ့ (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူစုစုပေါင်း (၁၅၆) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mgy_may2019

Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events