၁၉/၂၁.၅.၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျေးရွာအုပ်စု(၁၅)အုပ်စု၊ ရပ်ကွက်(၂)ရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၃၆)လုံး၊ အမိုးလန်နေအိမ်(၂၀၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၈,၆၇၅,၀၀၀)ကျပ်၊ ပြိုလဲနေအိမ်(၃၆)လုံးမှ လူဦးရေ(၁၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃၃,၉၀၀)ကျပ်နှင့် စုစုပေါင်းထောက်ပံ့ငွေ(၉,၀၀၈,၉၀၀)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးဝန်ထမ်းများမှ (၂၄.၅.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)