လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅- ၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်အုပ်စု၊ ယင်းဆယ် ကျေးရွာတွင် ပြိုကျပျက်စီးခဲ့သောအိမ်ခြေ (၁) လုံး၊ အိမ်ထာင်စု (၁) စုရှိ လူဦးရေ (၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၄၇၀၀/-) ကျပ်ကို (၂၄-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#ayy_may2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events