Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့နှင့် (၂၂-၅-၂၀၁၉) ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) စု၊ ကျေးရွာ (၁၃) ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ ပြိုကျနေအိမ် (၃) လုံး၊ အမိုးလန်နေအိမ် (၁၁၀) လုံး၊ အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၄၃၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့ ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၆) စု ကျေးရွာ (၆၄) ရွာရှိ အမိုးလန်နေအိမ် (၂၀၇) လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း (၅) ကျောင်း၊ ပြိုလဲနေအိမ် (၁၁) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၇၄၉၈၅၀/-) ကျပ်၊ ပြိုလဲ (၁၁) အိမ်ရှိ လူဦးရေ (၃၅) … Read more
-
ဘီးလင်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၂-၅-၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်းစွန်းကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ(၁)အိမ်ထောင်စာတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့(၁ရး၃၀)နာရီအချိန်တွင် လေဘေးသင့် ပြည်သူထံ့သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # mon _may2019
-
ယာယီရေလှောင်ကန်များပြုလုပ်ရန် မိုးကာစများနှင့် ရေခပ်ပုံးများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေရသော ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်နှင့် တောင်ဖီလာရပ်ကွက်ရှိ ပြည်သူများအတွက် ယာယီရေသိုလှောင်ကန် ပြုလုပ်ပေးနိုင်ရန် (၁၅x၁၅) ပေပတ်လည် မိုးကာစ (၃၇) ချပ်နှင့် ရေခပ်ပုံး (၃၇) ပုံးအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဖြန့်ဝေရေး ကော်မတီတာဝန်ခံများထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #sgg_may2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉)ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်အုပ်စုစံပြရွာနှင့် ဝမ်ကန်ရွာတိုတွင် လေပြင်းတိုက်ခက်မှုကြောင့် လေဘေးတွင်သွပ်မိုးများလန်သွားသဖြင့် လေဘေးသင့်အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးပါ(၂)အိမ်ထောင်စာတို့ကို (၂၄-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူထံ့သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # shn _may2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့နှင့်(၂၁-၅-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မိုးညိုမြို့နယ်တွင် ကျေးရွာအုပ်စု(၁၁)စုတွင် ဖြစ်ပွားခဲ့သော လေဘေးတွင် ပြိုလဲနေအိမ်(၁၃)လုံး၊ အမိုးလန်နေအိမ်(၃၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၁၆၀၀၀/-)ကျပ်၊ လူဦးရေ(၄၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁၃)အိမ်ထောင်စာတို့အား(၂၄-၅-၂၀၁၉)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # bgo _may2019
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၄-၅-၂၀၉)ရက်နေ့တွင် စစ်ကိုင်းတောင်ပေါ်ရှိ သောက်သုံးရေရှားပါးလျက်ရှိသော ဘုန်းတော်ကြီးကျောင်းများအတွက် ရေဖိုးအလှူငွေ(၄၀၀၀၀၀/-) ကျပ်အား စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းထံသို့ ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_drg # sgg_may2019
-
ကလေးခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၉)ရက်နေ့တွင် ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်ရှိ အိမ်ခြေအိမ်ထောင်စုများအတွက် သောက်သုံးရေဂါလံ(၁၂၅၀၀)ကို ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိသူများနှင့်အတူသွားရောက်လှူဒါန်းခဲပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_drg # sgg_may2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ နောင်လျှဲန်(၂/၃/၅)ကျေးရွာ(၃)ရွာရှိ လူနေအိမ်(၄)လုံးအမိုးလန်ပျက်စီးခဲ့ ပြီး အဆိုပါအမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ(၄)အိမ်ထောင်စားတို့ ကို(၂၄-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) # ha_sgw # shn _may2019
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ် အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား သင်တန်းသား/သူ (၇၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၅-၄-၂၀၁၉) ရက်နေ့အထိ (၂) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
