လေဘေးထောက်ပံ့မှုသတင်း

25_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့နှင့် (၂၂-၅-၂၀၁၉) ရက်နေ့တို့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈) စု၊ ကျေးရွာ (၁၃) ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ ပြိုကျနေအိမ် (၃) လုံး၊ အမိုးလန်နေအိမ် (၁၁၀) လုံး၊ အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၄၃၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၉၀၉၃၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၇၀၀၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၁၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆၅၀၀၀၀/-) ကျပ်၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၉၂၉၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာတို့အား အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events