လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ နောင်လျှဲန်(၂/၃/၅)ကျေးရွာ(၃)ရွာရှိ လူနေအိမ်(၄)လုံးအမိုးလန်ပျက်စီးခဲ့ ပြီး အဆိုပါအမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးပါ(၄)အိမ်ထောင်စားတို့ ကို(၂၄-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
# ha_sgw
# shn _may2019