Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၁၉) ရက်နေ့၌  သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ စက်တောင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ကျေးရွာပြည်သူလူထု (၆၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_may2019 Source : သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၁၉) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁း၃၀) နာရီထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းကွေးကျေးရွာ ၊ အ.မ.က (အနန်းပင်)စာသင်ကျောင်းတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် နံရံကပ်ပိုစတာများကပ်ခြင်းတို့အားပြုလုပ်ခဲ့ရာ ပြည်သူလူထုအင်အား စုစုပေါင်း(၁၅၀)ဦး ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။     #ar #mon_may2019 Source : သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာတွင် (၂၈.၅.၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၂) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၄) ဦးအား  ဆန်ရိက္ခာဖိုး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၅-၂၀၁၉) ရက်နေ့ (၉:၀၀)နာရီမှ (၁၀:၃၀)နာရီထိ ဘီးလင်းမြို့နယ်၊ ညောင်ပုလ္လင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာသူ/သားအင်အား(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီ ဆောင်ရန်/ရှောင်ရန်အချက်များကဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_may2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၁း၀၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။     #ar #npw_may2019 Source:နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၉-၅-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကွမ်းစီကန်ကျေးရွာနေပြည်သူ အိမ်ထောင် စု(၁၈၈)စုအတွက် သောက်သုံးရေဂါလံ(၃၆၀၀)ကို လည်းကောင်း၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနေပြည်သူ အိမ်ထောင်စု(၂၁၅)အတွက် သောက်သုံးရေဂါလံ(၃၆၀၀)ကို လည်းကောင်း၊ ဂွေးပင်ယာ ကျေးရွာနေပြည်သူ အိမ်ထောင်စု(၁၀၅)အတွက် သောက်သုံးရေဂါလံ(၃,၆၀၀)ကိုလည်း ကောင်း၊ စုစုပေါင်း သောက်သုံးရေဂါလံ(၁၀,၈၀၀)ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ရေစကြို)မှ အတွင်းရေးမှူး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၂၉.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကူးကား၊ ကျောက္ကာ၊ ကိုင်းလယ်၊ တောင်ဘက်၊ တဲတော်ယာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိ သူများနှင့်အတူ ပေါက်မြို့နယ်၊ ကူးကား ကျေးရွာအုပ်စု၊မြေနီ(မ)ကျေးရွာ၊ ကျောက္ကာကျေးရွာအုပ်စု၊ ပင်တောင်ကျေးရွာ၊ ကိုင်းလယ်ကျေးရွာအုပ်စု၊ ကိုင်းလယ်ကျေးရွာ၊ တောင်ဘက်ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ၊ တဲတော်ယာကျေးရွာအုပ်စု၊ ချက်ကန် ကျေးရွာတို့တွင် (၂၈.၅.၂၀၁၉)ရက်နေ့၊ ညနေ(၁၉:၀၀)အချိန် တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁၆)လုံးတွင် အိမ်ထောင်စု (၁၇)စုမှ ကျား(၃၂)ဦး မ(၃၄)ဦး၊ … Read more

  • လေဘေးထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၄)ရွာတွင်  (၂၈-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ၊ အိမ်ခြေ (၁၈) လုံး၊ အမိုးလန်အိမ်ထောင်စု (၁၁) စု နှင့် ပြိုကျအိမ်ထောင်စု (၇) စု၊ လေဘေးသင့်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ပြိုကျအိမ်ထောင်စု (၇) စုစာ၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်၊ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် လိပ်ခုံးအုပ်စု၊ လိပ်ခုံးကျေးရွာတွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၈,၄၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၉၈,၄၀၀)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀)ကျပ်တို့ကို (၂၉-၅-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: … Read more

Sign Up

Upcoming Events