လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကွမ်းစီကန်ကျေးရွာနေပြည်သူ အိမ်ထောင် စု(၁၈၈)စုအတွက် သောက်သုံးရေဂါလံ(၃၆၀၀)ကို လည်းကောင်း၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာနေပြည်သူ အိမ်ထောင်စု(၂၁၅)အတွက် သောက်သုံးရေဂါလံ(၃၆၀၀)ကို လည်းကောင်း၊ ဂွေးပင်ယာ ကျေးရွာနေပြည်သူ အိမ်ထောင်စု(၁၀၅)အတွက် သောက်သုံးရေဂါလံ(၃,၆၀၀)ကိုလည်း ကောင်း၊ စုစုပေါင်း သောက်သုံးရေဂါလံ(၁၀,၈၀၀)ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း (ရေစကြို)မှ အတွင်းရေးမှူး ဦးကျော်သူသူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေစကြိုမြို့နယ် လူငယ် လုပ်ငန်းအဖွဲ့၊ စေတနာရှင်ပြည်သူများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကျေးရွာများအရောက် ဖြန့်ေ၀ ခဲ့ပါသည်၊၊
သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် ရေစကြိုမြို့၊ မြသဇင် စက်သုံးဆီဆိုင်ရေတိုင်နှင့် သီဟိုဋ္ဌ်ရှင် ဘုရားကြီး ဂေါပကအဖွဲ့ရေတိုင်တို့မှ ရေကားများသို့ သောက်သုံးရေအခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုး ခဲ့ကြောင်း သိရှိရပါသည်၊၊
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)