လေဘေးထောက်ပံ့မှု သတင်း

30 _ Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၄)ရွာတွင်  (၂၈-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ၊ အိမ်ခြေ (၁၈) လုံး၊ အမိုးလန်အိမ်ထောင်စု (၁၁) စု နှင့် ပြိုကျအိမ်ထောင်စု (၇) စု၊ လေဘေးသင့်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ပြိုကျအိမ်ထောင်စု (၇) စုစာ၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၈၅၀၀၀) ကျပ်၊ လူဦးရေ (၈၇) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၈၂၇၀၀) ကျပ်တို့အား (၂၉-၅၂၀၁၉) ရက်နေ့ (၁၃း၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2019

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events