
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီတွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာတွင် (၂၈.၅.၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ကျား (၂) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၄) ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၈၄၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)၊ စုစုပေါင်း (၁၀၈၄၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ထောင်စု (၁) စုစာ ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fir
#mgy_may2019
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)