လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

30_Pic_01
(၂၉.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကူးကား၊ ကျောက္ကာ၊ ကိုင်းလယ်၊ တောင်ဘက်၊ တဲတော်ယာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိ သူများနှင့်အတူ ပေါက်မြို့နယ်၊ ကူးကား ကျေးရွာအုပ်စု၊မြေနီ(မ)ကျေးရွာ၊ ကျောက္ကာကျေးရွာအုပ်စု၊ ပင်တောင်ကျေးရွာ၊ ကိုင်းလယ်ကျေးရွာအုပ်စု၊ ကိုင်းလယ်ကျေးရွာ၊ တောင်ဘက်ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ၊ တဲတော်ယာကျေးရွာအုပ်စု၊ ချက်ကန် ကျေးရွာတို့တွင် (၂၈.၅.၂၀၁၉)ရက်နေ့၊ ညနေ(၁၉:၀၀)အချိန် တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံး၊ အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁၆)လုံးတွင် အိမ်ထောင်စု (၁၇)စုမှ ကျား(၃၂)ဦး မ(၃၄)ဦး၊ စုစုပေါင်း(၆၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၃၈,၆၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်း ဖိုး(၈၆၀,၀၀၀)ကျပ်၊ စုစုပေါင်း(၉၉၈,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုး အိမ်ထောင်စု (၁) စုစာတို့ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
 
#ha_sgw
#mgy_may2019
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events