လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် လိပ်ခုံးအုပ်စု၊ လိပ်ခုံးကျေးရွာတွင်
(၂၇.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၈,၄၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၉၈,၄၀၀)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀)ကျပ်တို့ကို (၂၉-၅-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)