Author Archives: Department of Disaster Management

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ အုန်းစံဆိုင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်(၁၇)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၁၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၄၅၇၀၀/-)နှင့်       ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁၇)အိပ်ထောင်စာ၊ စုစုပေါင်းထောက်ပံငွေ(၁၄၅၅၇၀၀/-)ကျပ်တို့ကို ဘေးသင့်ပြည်သူများထံသို့ (၁၀-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_sgw #kcn_aug 2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်အထိ သံတွဲခရိုင်၊ အံတော်အုပ်စု၊ အ.မ.က-ရောင်ခြည်ဦးကျောင်းတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြော ခဲ့ခြင်းနှင့် လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ရာတွင် ကျောင်းသား/ကျောင်းသူများနှင့် မိဘ၊ဆရာများ( ၅၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source; သံတွဲခရိုင်ဦးစီမှုးရုံး (ဘစမ) #ar #rke_aug 2019

  • ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့တို့ ပူးပေါင်း၍ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား (၁၀-၈-၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆင်းသီရိဓမ္မာရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်/ရပ်ကွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးကူညီဆောင်ရွက်နေသည့် ပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူလူထုများ စုစုပေါင်းအင်အား(၃၀၀)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Life Jacket ၊ Radio Hand Speaker ၊First Aid Kit များအား ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင်(၃-၈-၂၀၁၉)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်မှုကြောင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင်ပြောင်းရွှေ့နေထိုင်လျှက်ရှိသော ရေဘေးသင့်ပြည်သူထပ်တိုး အိမ်ထောင်စု(၁၂၃)စုမှ လူဉ်ီးရေ(၆၃၆)ဦးနှင့် ကယ်ဆယ်ရေးစခန်း(၆)ခုမှ အိမ်ထောင်စု(၁၇၆)စု၊ လူဦးရေ(၈၅၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ (၁၄၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၁၂၉၀၀၀/-)ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့တွင် ကော့ကရိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #krn_aug 2019

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန် မြို့နယ်၊ အင်းတရော်အုပ်စု၊ ဝန်အိုင်တောင်ကျေးရွာနှင့် ညောင်ပင်ဈေးရပ်ကွက်၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သောနေအိမ် (ဝါးအိမ်-၂လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(သစ်- ၄လုံး) စုစုပေါင်းအိမ်ခြေ( ၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၄၀၀၀၀၀/- )ကျပ်၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၂၅ ) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၂၅၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၅၂၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာ (တန်ဖိုး- ၆၇၇၀၆/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ နုံးကျွန်ကျေးရွာအုပ်စု၊ ကွဲျခြံကျုံလမုကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ မဘေကျေးရွာအုပ်စု၊ ကျော်ဇံကျေးရွာအုပ်စု၊ ဝါးရခိုင်ကျေးရွာအုပ်စုတို့၌ (၆-၈-၂၀၁၉) ရက်နေ့မှ (၇-၈-၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုမှ ဘေးသင့်ပြည်သူ(၁၀၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂၄)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၂၁၀၀/-)ကျပ်၊ တစ်စိတ်စိတ်ပိုင်း(အမိုးလန်)ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)တို့မှ ဘေးသင့်လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ လေဘေးအတွက်စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၇၄၈၄၀၀/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more

  • မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ကမ်းဖဲကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ထိခိုက်ပျက်စီးခဲ့သောနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူ(၅)ဦးတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့အား (၉-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၀၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #tny_aug 2019  

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)နေ့၊(၃-၈-၂၀၁၉)နေ့နှင့်(၅-၈-၂၀၁၉)နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာရပ်ကွက်တွင် အိမ်ခြေ (၇) လုံး အိမ်ထောင်စု (၇)စုမှလူဦးရေ (၄၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀၀၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း (၁၁)မျိုး (၇)အိမ်ထောင်စာကို လည်းကောင်း၊ အေးရိပ်ငြိမ်ရပ်ကွက်မှ အိမ်ခြေ (၃)လုံး အိမ်ထောင်စု (၆)စု လူဦးရေ (၂၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၅၂၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ … Read more

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ကျေးရွာခွဲ (၃)ရွာတွင် (၈-၈-၂၀၁၉)နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ/အိမ်ထောင် (၁၃)လုံးမှ လူဦးရေ(၅၃)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၃၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး(၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၄၁၁,၃၀၀) ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events