လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် IOM အဖွဲ့တို့ ပူးပေါင်း၍ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား (၁၀-၈-၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆင်းသီရိဓမ္မာရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်/ရပ်ကွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးကူညီဆောင်ရွက်နေသည့် ပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူလူထုများ စုစုပေါင်းအင်အား(၃၀၀)ဦးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Life Jacket ၊ Radio Hand Speaker ၊First Aid Kit များအား ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)
#simex
#ayy_aug 2019