Author Archives: Department of Disaster Management

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာ(၅)ရွာမှ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၉၈)စုမှ လူဦးရေ (၇၉၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၇၁၆၀၀/-)ကျပ်အား(၁၂-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၃၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးနှင့်အဖွဲ့၊ ခရိုင်သဘာဝဘေးကော်မတီ၊ မြို့နယ်သဘာဝဘေးကော်မတီတို့နှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug 2019

  • မြေပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉)ရက် နေ့ ပုလောမြို့နယ်၊ ပလောက်မြို့ခန္တီကျေးရွာမှ မြေပြိုဘေးသင့်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်အား (၁၂-၈-၁၉)ရက်နေ့ နံနက်(၈း၃၀)တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက် မြေပြိုဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ မနက်(ရး၃၀)အချိန်တွင်လည်းကောင်း၊ ပုလောမြို့နယ်၊ သစ်လှတောကျေးရွာမှ မြေပြိုဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၁)လုံးအတွက် … Read more

  • အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ စစ်တွေမြို့၊မင်းသူရိယခန်းမ၌ (၁၅-၈-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် သဘာဝဘေးအရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လူမူရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၂) ရက် ဆက်လက် ကျင်းပပြုလုပ်သွားမည် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကျောင်းသား/သူ (၃၀၀)ဦးခန့်နှင့် ကျေးရွာသူ/ကျေးရွာသား (၃၀) ဦးခန့်တို့ကို သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ပြီး တက်ရောက်လာသူများအား စာအုပ်၊ ဘောပင်၊ ဆပ်ပြာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source:           ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပိ၍ သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေး ရွာအုပ်စု၊ ဇော်ချောင်းကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သော သေဆုံးသူ(၁)ဦးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_aug2019 Source:    ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မြေပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၁၉)ရက် နေ့ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာအုပ်စု၊ ကင်းဆိုးကျေးရွာမှ မြေပြိုကျ၍ တစ်စိတ်တစ်ပိုင်းပျက်စီး ခဲ့သောနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-)ကျပ်အား (၁၂-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၄၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_aug 2019

  • မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ဘေးသင့်သေဆုံးသူများအတွက် ထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာ၊ စမ်းကြီးချောင်းဘေး၊ ရာဘာခြံအတွင်း၌ (၉-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်မျောပါရေနစ်သေဆုံးခဲ့သည့် အိမ်ထောင်စု (၁) စုမှ လူဦးရေသေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်ကို (၁၄-၈-၂၀၁၉) ရက်နေ့တွင် သေဆုံးသူမိသားစုဝင်ထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source:           သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မြေပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ သက္ကထီးကျေးရွာတွင် မြေပြိုဘေးကြောင့်သစ်ပင်လဲကျပြီး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောနေအိမ် (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ( ၃၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၇)ဦးတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ ညနေ(၄း၃၀)နာရီအချိန်တွင်  သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_aug 2019

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၉) ရက်နေ့၌ မြိတ်မြို့နယ်၊ ပင်းအိုကျေးရွာအုပ်စု၊ ပင်းအိုကျေးရွာတွင် မြေပြိုဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ် အား (၁၂-၈-၂၀၁၉)ရက်နေ့ နေ့လည် (၂း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #tny_aug 2019

Sign Up

Upcoming Events